WELLCOME TO TAUNGGYI IT ZONE

Sunday, June 29, 2014

မိုးရွာပါက တူရိယာသံစုံ ထွက်သော အိမ်

မိုးရွာပါက တူရိယာသံစုံ ထွက်သော အိမ်

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။

ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။

အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။
--

လက်စွပ်၊ နားကပ်-ဖုန်း ORB

လက်စွပ်၊ နားကပ်-ဖုန်း ORB

လက်စွပ်လို အသုံးပြုနိုင်သလို နားမှာလည်း ခွေပြီး ပတ်ထားလို့ ရပါတယ်။ သူ့ကို O.R.B လက်စွတ်လို့ အမည်ပေးထားပါတယ်။

အဝင်ဖုန်းဖြေဆိုမယ်ဆိုရင် လက်စွပ်ကို နားမှာ တပ်ဆင်လို့ရအောင် ခွေ လိုက်လို့ ရပြီး ဝင်လာတဲ့ Message တွေကိုလည်း လက်စွပ်ပေါ်က LED မျက်နှာပြင်သေးသေးလေးကနေ ဖတ်ရှုလို့ ရပါတယ်။ Bluetooth ပါဝင် ပါတယ်။ caller ID, Message, Calandar Reminder အစရှိသဖြင့် တို့ကို လက်စွတ်ကွင်းလေးပေါ်မှာ ဖော်ပြနိုင်ပါတယ်။

စမတ်ဖုန်းနဲ့ တွဲသုံးတဲ့ Bluetooth နားကြပ်ကိုမှ function စုံစုံလင်လင် အသုံးပြုလို့ရအောင် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက Hybra ခတ်မှီနည်းပညာ ကုန်ပစ္စည်း တီထွင်ထုတ်လုပ်ရေး ကုမ္မဏီမှ ရေးဆွဲ ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အမှန်တကယ် ထုတ်လုပ်မှာ ဖြစ်ပြီး ပူးပေါင်း လုပ်ကိုင်မယ့် ကုမ္မဏီကို စောင့်ဆိုင်းလျက် ရှိတယ်လို့ သိရပါတယ်။

ံHybra ကုမ္မဏီရဲ့ ဝဘ်ဆိုဒ်မှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

http://hybratech.com/products/orb

Saturday, June 28, 2014

မစ္စတာဘင်း

မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း
မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့  Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါ တယ်။ ပညာရေး ထူးချွန်တဲ့ အတွက် အောက်စဖို့ တက္ကသိုလ်မှာတောင် နည်းပြ အဖြစ် အခန့်အပ်ခံခဲ့ရ ဖူးပါတယ်။
သို့ပေမယ့် ဖျော်ဖြေရေးနဲ့ သရုပ်ဆောင် အနုပညာ ပိုင်းမှာ လည်း ထူးချွန်တဲ့ ဘင်းဟာ ဟာသပြဇာတ်မှ တစ်ခန်းရပ်ဗီဒီယို၊ တစ်ခန်းရပ် ဗီဒီယိုမှ ရုပ်ရှင် အစရှိသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ထူးခြား အောင်မြင်လာခဲ့ ပါတယ်။ ဒါကြောင့် သူတတ်ကျွမ်းထူးချွန်နေသေးတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘဝနဲ့တောင် အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်မှု မလုပ်တော့ပဲ အနုပညာ ဘက်မှာ အားစိုက်လုပ်ခဲ့ပါတယ်။
ယခုဆိုရင် Rowan Atkinson လို့ပြောရင်တောင် လူသိပ်မသိပဲ မစ္စတာ ဘင်းလို့ ပြောမှ လူသိရလောက်အောင် အောင်မြင်တဲ့ ဟာသသရုပ်ဆောင် အဖြစ် ယနေ့တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း ဘင်းကိုယ် တိုင် ဝန်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။
--
Ref: wiki, DM
ရိုးရာလေး

Samsaung Galaxy S5 Camera error

Samsaung Galaxy S5 Camera error ဖြေရှင်းနည်းလေးပါ ခင်ဗျာ .......

သိသူဖော်စား မသိသူကျော်လွှား ဆိုတဲ့ စကားအတိုင်း သိချင်ရင် ၀င်ကြည့်ကျပေါ့ဗျာ.....
 website links>
http://www.slashgear.com/galaxy-s5-camera-error-heres-how-to-fix-it-25326540/

သိလို့တတ်လို့ တော့မဟုတ်ပါဘူး ခင်ဗျာ....

                          လေ့လာနေသော လူငယ်များ အတွက်ပါ ........
                                               ဆရာကြီး များ မပါ.....ဟဲဟဲ

ကျနော်လည်း လေ့လာနေသူ တစ်ယောက်ပါ ခင်ဗျာ..မှားနေတာလေတွေ ရှိရင် So Sorry ......

သူရဲ့ Offical website မှာတော့ ဒီလိုရေးထားပါတယ်
If you have a Verizon* Samsung Galaxy S5 and you’re experiencing a camera error this week, you’re not alone. Several - an unknown number, that is - users have reportedly had what’s likely the same problem as you’re having. In addition to the error: "Warning: Camera Failed," the back-facing camera simply does not work.

Things you could try that others have tried and failed at include force stopping the camera app, clearing data, clearing cache, and clearing defaults. Factory resetting the Galaxy S5 doesn’t seem to have an effect, neither does working with the device through Recovery (a bit more advanced than the average user).
Even installing camera apps from the Google Play app store doesn’t seem to have an effect on this camera app - so what’s to be done?

C8815+G6 T00 C00 U00 +G610 T11 + G730 U00 C00 T00 +G700 U00 OFFICAL RECOVERY .bat file တင်ပေးလိုက်ပါတယ်၊

C8815+G6 T00 C00 U00 +G610 T11 + G730 U00 C00 T00 +G700 U00 OFFICAL RECOVERY

        များရဲ့  Offical recovery လေးတွေကို အလွယ်တကူ အသုံးပြုလို့ရအောင် .bat ဖိုင်လေး လုပ်ပေးထားပါတယ်

လိုအပ်ပါက အောက်မှာ Down ရန်

Download >http://usersfiles.com/ayI9286hhyhn

ဒီဆိုက်ကို တည်ထောင်ထားသူကို Credit ပေးပါတယ် .....ကျေးဇူးတင်ပါတယ်


paingsoethet90@gmail.com
Taunggyi It Zone

IOS 7.1.1 jailbreak tool

                         jailbreak tools download ယူရန် Pangu jailbreak tool                ဒေါင်းလော့ရပြီဆိုရင်ကျွှန်တော်တို့ကွန်ပြူတာမှာ Run လို့ရပါပြီ။တရုတ် Developer တွေရေးထားတဲ့
                              ဆော့ဝဲလ်းဖြစ်လို့ ??????? တွေပဲပေါ်ပါလီမ့်မယ်။ အရင်က
                           Evsi0n ပုံစံပါပဲ ရတဲ့ Model တွေကတော့
                               

  • iPhone 5
  • iPhone 4S
  • iPhone 4
  • iPad Air
  • iPad mini Retina
  • iPad Mini (first generation)
  • iPad 4
  • iPad 3
  • iPad 2
  • iPod Touch 5th generation                 
  •  ကျွှန်တော်ကတော့ 5S နဲ့ စမ်းသပ်ပြီးသားပါ.အကုန်အဆင်ပြေပါတယ်။ 
  •