မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း
မစ္စတာ
ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။
သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ်
အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်က Electrical
Engineering - MSc တန်းကို Oxford, The Queen's College မှာ
တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့  Honorary
Fellow အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါ တယ်။ ပညာရေး ထူးချွန်တဲ့ အတွက်
အောက်စဖို့ တက္ကသိုလ်မှာတောင် နည်းပြ အဖြစ် အခန့်အပ်ခံခဲ့ရ ဖူးပါတယ်။
သို့ပေမယ့် ဖျော်ဖြေရေးနဲ့ သရုပ်ဆောင် အနုပညာ ပိုင်းမှာ လည်း ထူးချွန်တဲ့
ဘင်းဟာ ဟာသပြဇာတ်မှ တစ်ခန်းရပ်ဗီဒီယို၊ တစ်ခန်းရပ် ဗီဒီယိုမှ ရုပ်ရှင်
အစရှိသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ထူးခြား အောင်မြင်လာခဲ့ ပါတယ်။
ဒါကြောင့် သူတတ်ကျွမ်းထူးချွန်နေသေးတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘဝနဲ့တောင်
အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်မှု မလုပ်တော့ပဲ အနုပညာ ဘက်မှာ
အားစိုက်လုပ်ခဲ့ပါတယ်။
ယခုဆိုရင် Rowan Atkinson လို့ပြောရင်တောင်
လူသိပ်မသိပဲ မစ္စတာ ဘင်းလို့ ပြောမှ လူသိရလောက်အောင် အောင်မြင်တဲ့
ဟာသသရုပ်ဆောင် အဖြစ် ယနေ့တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း
ဘင်းကိုယ် တိုင် ဝန်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။
--
Ref: wiki, DM
ရိုးရာလေး

No comments:
Post a Comment